Wednesday, September 21, 2011

မစားဖြစ်လိုက်သော ဆမူဆာတစ်ခုနှင့် ဒဏ်ပေးခံရသောအမှန်တရားတစ်ရပ်

မစားဖြစ်လိုက်သော ဆမူဆာတစ်ခုနှင့် ဒဏ်ပေးခံရသောအမှန်တရားတစ်ရပ်



သားတို့ရေ......
            ဒီညကတော့ မိုးသည်းလွန်းသကွာ.....မိုးတိတ်မလားတိတ်မလားနဲ့ စောင့်ရင်း စိတ်မရှည်တာနဲ့ ဦးဦးလဲ
မိုးရွာကြီးထဲပဲပြန်ခဲ့တယ်....
                 ဗိုက်ဆာလို့ လက်ဖက်ရည်ဆိုင်ကလေးဝင်ထိုင် ထမင်းကြော်နဲ့လက်ဖက်ရည်မှာစားရင်း ရောက်မိရောက်ရာ
လျောက်တွေးမိရာက ခုလိုစာလေးရေးဖြစ်သွားတာပဲကွ...အမှန်ကတော့ ဦးဦးစာမရေးဖြစ်တာ ကြာလှပေါ့...
အခန်းပြန်ရောက်တော့ မီးကမလာတော့ ဘာမှလုပ်မရမယ့်အတူတူ စာထိုင်ရေးဖြစ်သွားတယ်ကွ.....ခုနကလက်ဖက်ရည်ဆိုင်
ကပါလာတဲ့ အတွေးလေးပဲဆိုပါတော့.......
                အဲဒီအတွေးကိုမပြောခင် မင်းတို့ကို အရင်မေးရဦးမယ်ကွ......ဦးဦးမေးရင် မင်းတို့ရယ်ချင်မှာပဲ.....
ဘာမေးမှာလဲဆိုတော့ မင်းတို့ကြီးလာရင် ဘာလုပ်မလဲဆိုတာပဲ......ဟာ ဦးဦးကလဲ ဒါကြီးလာမေးနေတယ်.....
ဒီမေးခွန်းက အဟောင်းကြီး စကားတတ်ကာစတည်းက အမေးခံရတဲ့မေးခွန်း.....အလကားဟာကြီးလို့တွေးကောင်းတွေးမယ်...
ဒါမှမဟုတ်လဲ မင်းတို့လတ်တလောအထင်ကြီးနေတဲ့ အကောင်းဆုံးထင်တဲ့ဟာတွေ လျောက်ပြောချင်ပြောမယ်......
ဆရာဝန်ကြီး၊စစ်ဗိုလ်ကြီး၊အင်ဂျင်နီယာကြီး ဒါမျိုးသူများတွေလျောက်ဖြေတော့ မင်းတို့ကလဲ ဦးဦးရဲ့တူပီသအောင်
အထူးအဆန်းတွေလျောက်ဖြေချင်ဖြေမယ်....အာကာသယာဉ်မှူးတို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့ ဘာတို့
ပြောမလားတောင်မသိဘူး.....အမယ်....မင်းတို့ညီလေးအငယ်ဆုံးကောင်ကတောင် ဟိုတလောက သတင်းကြည့်ပြီး
ဦးဦး ဟိုထိပ်ပြောင်ပြောင်နဲ့ဘဘကြီးကဘာလုပ်တာလဲတဲ့...သူက သမ္မတလေကွာဆိုတော့....သမ္မတကဘာလုပ်တာလဲတဲ့
သူနားလည်အောင် တနိုင်ငံလုံးမှာသူအကြီးဆုံးလူပေါ့ကွာလို့ ပြောရတာပေါ့....အမှန်ကတော့ ဦးတို့ဆီကသမ္မတက မကြီးရှာ
ပါဘူးကွာ.....အမယ်ဒီကောင်က ဘာစိတ်ကူးပေါက်သလဲဆိုတော့ သားသားလဲကြီးရင်သမ္မတကြီးလုပ်မယ်ဆိုပဲ...ဖိုးဖိုးကြီးကတောင်
ပြောသေးတယ်....သမ္မတဆိုတာ စောက်ရူးတွေလုပ်တာကွတဲ့.....ဖိုးဖိုးကြီးက မနာလိုတိုင်းလျောက်ပြောနေတယ်...မရူးပါဘူး
အ၀တ်အစားတွေလဲမညစ်ပတ်ဘူးကောင်းတယ်....သားသားလဲမရူးဘူးသမ္မတပဲလုပ်မယ်တဲ့....ခုဆိုမဲတောင်ဆွယ်တတ်နေပြီ...
သူသမ္မတဖြစ်ရင် မေမေ့အတွက်တိုက်ဆယ်လုံး ကားဆယ်စီး လေယာဉ်ပျံဆယ်စီး ဟယ်လီကော်ပတာဆယ်စီး မီးစက်ဆယ်လုံး
ဆိုလားပဲ......ဒီကောင်မဆိုးဘူးကွ မီးစက်ပါပေးတယ်....ဘယ်သမ္မတမှ မီးပျက်တဲ့ကိစ္စအတွက် မစီစဉ်ပေးနိုင်ဘူး....
ငါတောင်မဲပေးချင်စိတ်ပေါက်လာတယ်.....မီးကပျက်တာကိုးကွ.....သောက်လုပ်မလုပ်နိုင်ပဲခုလို ပေါက်ကရစဉ်းစားနေရတာကိုးကွ
အဲ.....ဦးဦးစကားကတောင်ရောက်မြောက်ရောက်ဖြစ်တော့မယ်....ဆောရီးကွာ....ခုနကစကားပြန်ဆက်ရအောင်...
             မင်းတို့ကြီးလာရင်ဘာလုပ်မလဲ......အေး....အဲဒါပဲ....ဦးဦးလဲငယ်ငယ်က အမေးခံရဘူးတယ်...ဖြေလဲဖြေဘူးတယ်
သေချာတာတော့ အနုပညာသမားလုပ်မယ်လို့ မပြောခဲ့ဘူးဘူးထင်ပါရဲ့....စာစီစာကုံးမှာတောင် ကျွန်တော်ကြီးလာလျင်
တောမရောက်တောင်မရောက်စာများရေးသားသော.....ဘယ်သူမှနားမလည်သောပန်းချီများကိုဆွဲသော....ကာတွန်းကားများ
ဆွဲသော.....သီချင်းရေးသော.....တူရိယာပစ္စည်းများတီးခတ်သော....ကဗျာမဟုတ်ဘာမဟုတ် တိုလီမုတ်စများ အားယားသည့်အခါ
ရေးသော အနုပညာသမားဟုခေါ်သည့် အူကြောင်ကြောင်အကောင်စားမျိုး လုပ်ပါမည်လို့ မရေးခဲ့ဘူးတာလဲ အမှန်ပဲကွ...
အမှန်ကတော့ ကြီးလာခဲ့ရင်ဘာလုပ်မယ်ဆိုတာမျိုး ငယ်ငယ်ကတွေးနိုင်စွမ်းမရှိဘူးကွ....ဇွတ်ရိုက်သွင်းလို့လဲမရဘူးကွ....
ဒီတော့ဦးဦးမေးတာ မင်းတို့ကြီးကြီးကျယ်ကျယ် ဖြေစေချင်လို့မဟုတ်ဘူး....
                 ခုနကလက်ဖက်ရည်ဆိုင်ကလေးမှာ ဦးဦးထိုင်တော့ ညတစ်နာရီခွဲလောက် သူတို့တောင်အိပ်မှုံစုံမွှားနဲ့ ပြင်တုန်းဆင်တုန်း
ကောင်တာကဗိုက်ပူပူအကောင်ဆို ငိုက်နေလိုက်တာ စားပွဲနဲ့နဖူးနဲ့တောင်ဆောင့်တယ်....ဦးဦးမှာတဲ့လက်ဖက်ရည်တောင်အတော်
စောင့်ယူရတယ်......ဦးဦးမှာလိုက်တာကကျဆိမ့်ကွ....နို့ဆီသကြားလျော့ထည့်ထားတဲ့ဟာပါကွာ....မင်းတို့ကြိုက်မှာမဟုတ်ဘူး
ဦးဦးလဲသောက်ကာစကမကြိုက်ဘူးကွ....ဦးတို့လူပျိုပေါက်တုန်းက စာရေးဆရာမောင်စိန်ဝင်းရဲ့ ဇာတ်လိုက်တွေက ချိုပေါ့ကျဆိုလို့
ဦးဦးတို့လဲလိုက်သောက်ကြတာပေါ့ကွာ....ရှုံ့မဲ့သောက်ရတာပဲ...ကောင်းမှမကောင်းတဲ့ဟာ..ခုခေတ်ကောင်တွေ ဆံပင်ထောင်
နားကပ်ဝတ်သလိုပါပဲကွာ....သောက်ရူးထတာပေါ့....အဲဒီအရွယ်ကရူးတဲ့အရွယ်ကိုး....အမယ်မောင်စိန်ဝင်းကဗျာတွေဆို ခုထိမှတ်မိသေး
တသက်တခါ တလွှာတရွက် တခက်တပွင့် ငုံအဆင့်မို့ ရင့်လို့ပဲဝါ၀ါ ညှာတံပဲ ပြုတ်ပြုတ် ဖြုတ်ခနဲပဲကြွေကြွေ ဘာညာပေါ့ကွာ....
ခုဦးဦးရေးသလိုဟာတွေမဟုတ်ဘူး....ဇာတိတို့သာဂိတို့ ဆူးခက်မင်းတို့ဘာတို့လို အရူးမအရက်သောက်မိသလို ပြောတဲ့ဟာတွေလို
အယ်လ်ပီတို့ဘာတို့ မဟုတ်သေးဘူး....သီချင်းဆိုရင်လဲ ကိုယ်မနေနိုင်ဘူးကွယ် ဖွင့်ပြောလိုက်တော့မယ် တော်ကြာသူစိတ်ဆိုးမှာလဲစိုး
ဒါမျိုးတွေ....နင့်ကိုငါက နားနားနားရင် မင်းစိတ်ဆိုးမှာလားဆိုတာမျိုး ဒဲ့တွေလွှတ်တဲ့ ခေတ်မဟုတ်ဘူး....ဦးတို့တုန်းကကောင်တွေက
နဲနဲပိုဂေါက်တယ်ကွ....အာ....နို့ဆီကနေတခြားရောက်ကုန်ပြန်ပြီ....အဲဒီနို့ဆီပေါ့ကွာ....ဦးဦးငယ်ငယ်က....ဒီလိုလက်ဖက်ရည်ခါးခါး
ဘယ်ကြိုက်မလဲ....ချိုမှကြိုက်တာပေါ့.....
                 ကြုံတုန်းပြောပြရမယ်......ဦးဦးငယ်ငယ်က လစ်ပြီဆိုရင် ကြောင်အိမ်ဖွင့်ပြီး နို့ဆီတွေခိုးခိုးစုပ်တယ်ကွ....
ဘွားဘွားကြီးကသိတော့ ဆူတာပေါ့......အဲဒီအချိန်က ဦးဦးဘာတွေးသလဲသိလား.....လူကြီးတွေက ကပ်စီးနည်းတယ်....ကလေးတွေ
စားချင်တာမစားရလို့ ခိုးစားတာအပြစ်ပြောတယ်......သူတို့ပိုက်ဆံကုန်လို့ပြောတာ....ငါကြီးလို့ ပိုက်ဆံအများကြီးရှာနိုင်ရင် နို့ဆီဘူး
တွေအများကြီးဝယ်ပြီး စုပ်ပစ်မယ်....ဘယ်သူ့မှမကျွေးဘူး.....ဒါမျိုးစဉ်းစားတာကိုးကွ....ခုနကကျဆိမ့်သောက်ရင်း ဒါလေးတွေးမိတော့
ပြုံးမိသွားတယ်....စားပွဲထိုးက အကိုချိုနေလို့လားတဲ့....မဟုတ်ပါဘူးကွာလို့....ဦးဦးကသူတို့လက်ဖက်ရည် ချိုလွန်းရင်ပြောတာကို
မင်းတို့လက်ဖက်ရည်ကချိုလိုက်တာကွာ ငါ့မျက်နှာကြီးတောင်အချိုလွန်ပြီး ပြုံးလာပြီလို့.....အဲ...အဲဒီနို့ဆီပေါ့ကွာ....ခုဆိုဦးဦးနို့ဆီ
တစ်ဘူးမကလို့ ဖာလိုက်ဝယ်စုပ်လို့ရတယ်....ဘာလို့မစုပ်တာလဲ ငယ်ငယ်ကရည်မှန်းချက်လေ...ခုကကြီးပြီလေကွာ....ငယ်ငယ်က
ကောင်းတယ်ထင်တာ ခုကြိုက်မှမကြိုက်တော့တာ....ဘွားဘွားကြီးဘာလို့ဆူတယ်ဆိုတာ ခုကျသိပြီလေကွာ...အဲလိုပဲကွ.....
ငယ်ငယ်ကဖြစ်ချင်တာနဲ့ ကြီးတဲ့အခါနဲ့ အတော်လွဲချော်တတ်တယ်...သဘာဝပဲ....အဲဒီတော့မင်းတို့မေမေဆူတယ်ဆိုတာ မင်းတို့
ကြီးရင်သူ့အလိုလို ဘာကြောင့်ဆိုတာနားလည်သွားလိမ့်မယ်...
                ထမင်းကြော်စားရင်းနဲ့ ဆမူဆာတစ်ခုပါကောက်ဝါးလိုက်တယ်....ထပ်စားချင်သေးတာနဲ့ နောက်တခုလက်လှမ်းမိတုန်း
ဦးဦးဘာတွေးမိသလဲဆိုတော့.....ငါ့စကေးကုန်သွားပြီဆိုတာပဲ.....တယောက်ထဲဝယ်စားတာစကေးသတ်မှတ်နေရသလား....
အေး.....သားတို့ကိုမနက်စာကျရင် တခါတလေ အိမ်မှာထမင်းပူပူနဲ့ ဆမူဆာတစ်ယောက်တခုစီ ကျွေးတယ်မဟုတ်လား....
ဦးတို့ငယ်ငယ်ကလဲ အဲလိုပဲကွ....၀န်ထမ်းမိသားစုဆိုတော့ စည်းစနစ်ကလေးနဲ့.....ထမင်းစားရင်ဟင်းဆိုတယောက်ဘယ်နှစ်တုံး....
ဒီလိုလုပ်တာ ငယ်ငယ်ကတော့ဘ၀င်မကျဘူးကွ.....ခုနကနို့ဆီလိုပဲ....ငါ့ပိုက်ဆံနဲ့ငါကျရင် ဘယ်လိုစားပစ်မယ်ဆိုတာမျိုးတွေး
တာပေါ့ကွာ.....ခုနကဦးဦးနောက်တခုဘာလို့မစားမိသလဲဆိုတော့....မင်းတို့တွေတခုစီပဲစားရတဲ့ ဆမူဆာကို ဦးဦးကနှစ်ခုစားရမှာ
လိပ်ပြာမလုံလို့ပဲ....ကလေးတွေကိုကျ စည်းကမ်းဆိုတာကြီးထဲအတင်းထည့်ထား လူကြီးတွေကျတော့ ကွယ်ရာမှာစည်းလွတ်ဝါးလွတ်
စိတ်ကြိုက်.....ကဲ....ဘယ်လောက်သောက်သုံးမကျတဲ့လူကြီးဖြစ်သွားမလဲ.....အမှန်ကတော့ဦးဦးပိုက်ဆံနဲ့စားတာပါပဲ....
ဘယ်သူမှလဲအပြစ်မတင်ပါဘူး....ဒါပေမယ့် ဦးဦးမင်းတို့ထက်တစ်ခုပိုမစားချင်ဘူးကွာ.....ဘယ်နေရာမှာမှ....
အေး....ဦးဦးမစားဖြစ်တဲ့ ဆမူဆာကလေးက ဘာကြောင့်ဆိုတာ မင်းတို့ကြီးလာမှနားလည်မှာပေါ့ကွာ....အဲဒါဟာ မင်းတို့အပေါ်
ထားတဲ့အချစ်....ဦးဦးရဲ့ဂုဏ်သိက္ခာ....ကိုယ်ကျင့်တရား.....ကိုယ်ချင်းစာနာမှု...ဒါတွေကိုကိုက်မစားရက်ဘူးကွာ....
အေးလေ.....ဒါလဲဦးဦးဒီအရွယ်ရောက်မှတွေးမိတာကိုး....အရင်တုန်းကကိုယ်ချင်းစာတရားဆိုတာ ဦးဦးလဲနားမလည်ပါဘူး....
မင်းတို့လဲ ကြီးရင်သူ့အလိုလိုနားလည်လာမှာပါ.....ကိုယ့်ထက်အငယ်တွေကို ဒီလောက်ပဲစားဆိုပြီး ကိုယ်ကျစိတ်တိုင်းကျမျိုဆို့
နေတဲ့အကြီးဟာ လုံးဝအကြီးအကဲ လူကြီးသူမလို့ မခေါ်ထိုက်ဘူးသားတို့ရေ....
                     နောက်ပြီးသားကြီးကို ဦးဦးပြောချင်တာရှိသေးတယ်....အမှန်ကဦးဦးက အိမ်မှာ စကားနည်းနည်းပဲပြော
သိပ်လဲအရောတ၀င်နေလေ့မရှိတော့....မင်းတို့ကဦးဦးကိုကြောက်နေတာပါ....ဦးဦးကလဲ သိပ်ရှည်ရှည်ဝေးဝေးစကားမပြော
တတ်တော့ စိတ်ထဲရှိတာမပြောပြဘူးဘူးလေ....ပြောပြလဲမင်းတို့အသိနဲ့က အံမ၀င်သေးတာလဲပါတာပေါ့.....
ခုလိုစာလေးရေးထားပြန်တော့ ဦးဦးက နိုင်ငံကျော်စာရေးဆရာလဲမဟုတ် မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာလဲရေးတာမျိုးမဟုတ်
ဒီတော့မင်းတို့ဖတ်မိဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး....အေး.....တချိန်ချိန်မှာ မင်းတို့တွေ ဒီဝက်ဘ်ဆိုတ်ပေါ်ရောက်လာ
ခဲ့ရင်....ဒီဝက်ဘ်ဆိုတ်တွေကလဲ တည်မြဲနေခဲ့မယ်ဆိုရင် ဖတ်ကောင်းဖတ်မိမပေါ့ကွာ....အဲဒီအချိန်မှာ ဦးဦးကတော့
ရှောလောက်ပြီထင်ပါရဲ့.......ဆရာဝန်ကလဲ ဒီတိုင်းသာဆက်သွား ခင်ဗျားတော့ဘယ်လောက်မှမခံဘူးပြောသကိုးကွ.....
ဦးဦးကလဲ ဒီတိုင်းပဲသွားနေမိတာကိုး....သူပေးတဲ့ဆေးတွေလဲ သောက်မိတခါမသောက်မိတလှည့်ပါပဲကွာ....
အသက်ဥာဏ်စောင့် ဆိုပေမယ့် ဦးဦးကမေ့တတ်တယ်ကွ....ထားပါတော့ကွာ.....မသေတဲ့လူဆိုတာ ဘယ်တုန်းကရှိဘူးလို့လဲ
                သားကြီးသင်္ချာ၊အင်္ဂလိပ်စာ အမှတ်တစ်ရာရတယ်ဆိုတုန်းက မင်းတော့မသိဘူး ဦးဦးကတော့ တော်တော်ပျော်
တယ်ကွ......မင်းကို ငတုံး၊ငအ နဲ့အမြဲအခေါ်ခံရတယ်လေ .....မင်းကလဲမင်းပဲ....ပြောလိုက်ရင်ပေကလပ်ပေကလပ်နဲ့ကြည့်
နေဖို့ပဲတတ်တယ်.....ဘာမှလဲပြန်မပြောတတ်ဘူး.....အငယ်တွေလိုမှမဟုတ်တာ.....အဲလိုကလေးကို တုံးတယ် ညံ့တယ်မပြောဖို့
ဖိုးဖိုးနဲ့ မင်းမေမေကို ဦးဦးအတော်အတိုက်အခံ လုပ်ခဲ့ရတာကွ....မိဘတွေကညံ့တယ်ပြောတဲ့ ကလေးဟာ ငါညံ့ပါလားဆိုတဲ့
သိမ်ငယ်စိတ်ကလေးနဲ့ကြီးသွားရလိမ့်မယ်....ဘယ်တော့မှ လူုတော်ဖြစ်ခွင့်ရတော့မှာမဟုတ်ဘူးလို့....ကလေးကိုမသိမ်ငယ်ပါစေနဲ့
အငယ်တွေနဲ့ယှဉ်ပြီးမနှိမ်ချပါနဲ့....လပတ်မှာအောင်မှတ်ပဲရတယ်ဆို....ဟယ်...သားကအောင်မှတ်ရအောင်ဖြေနိုင်သားပဲ....ဒါတောင်
စာကောင်းကောင်းမကြည့်လို့....သေချာကြည့်ရင် အမှတ်ပြည့်ရချင်ရမှာ ဒါမျိုးချီးကျူးစရာလေးရှာပြောပေးပါဆိုတာ.....
ချက်ချင်းတောင်လက်မခံဘူးလေ....ဦးတို့လူမျိုးကလဲခက်သားလားကွ....မမြှောက်နဲ့ရောင့်တက်မယ်တို့....အလိုလိုက်အမိုက်
စော်ကားတို့ဒါမျိုးတွေက ကြားဖူးနားဝတွေကိုး....ကလေးကိုချစ်ရင် အိပ်ပျော်နေတော့မှနမ်း ဆိုတာမျိုး.....ဘယ်ခွေးသူတောင်းစား
တွေကပြောခဲ့လဲမသိဘူး....အဲဒါပညာရှိစကားမဟုတ်ဘူး....စောက်သုံးမကျတဲ့ စောက်ရူးစကား....ချီးကျူးသင့်တာကို ရှာချီးကျူး
အပြစ်တွေ့ရင် ဆူဆဲနေတာမျိုးထက်.....ဒါလုပ်လိုက်တာမှားတယ် နည်းလမ်းမကျဘူး...နောက်တခါဒီလိုလုပ်ဆိုတာမျိုးရှိရမယ်...
သားသမီး လက်အောက်ငယ်သားကို ချီးကျူးဖို့ဝန်လေးတတ်တာ ဦးဦးတို့လူမျိုးအများစုမှာ အရိုးစွဲနေတာပဲ......
                ကဲအခုဒီချီးကျူးစကားကြောင့် သားကြီးငတုံးဘ၀ကလွတ်သွားပြီလေ....အမယ် မင်းမှာတခြားချီးကျူးခံရတာရှိသေးတယ်
ပန်းချီဆွဲတော်တာလေ....မင်းပဲတကယ်ဝါသနာပါသလား....ဦးဦးကိုအားကျတာလားတော့မသိဘူး....အဲဒါကိုတော့ချီးကျူးကြတယ်
ဦးဦးလဲဝမ်းသာပါတယ်....မင်းပန်းချီဆွဲတာ...တဖက်ကလဲစိတ်ပူတယ်...ငါ့လိုဖြစ်မှာ......ဟုတ်တယ်ကွာ....အနုပညာသမားဘ၀ဟာ
မအောင်မြင်ရင်သိပ်ခါးသီးတယ်....တကျောင်းတည်းဆင်းတွေတွေ့လို့ ငါကတော့အခုဘာတွေလုပ်နေတယ် မင်းကောဘာလုပ်လဲမေးရင်
ဒီလိုပဲ ပန်းချီလေးဘာလေးဆွဲတယ်ကွာလို့ပြောရင် မျက်လုံးတွေအရောင်ပြောင်းသွားတဲ့ သူငယ်ချင်းတွေ.....ဆရာတွေကို အတူတူ
ကန်တော့ကြတဲ့အခါ အခုလိုငါ့တပည့်ကြီးတွေ အရာရှိကြီးတွေ လုပ်ငန်းရှင်ကြီးတွေ ဘာကြီးညာကြီးတွေဖြစ်နေတာ ၀မ်းသာပါတယ်
ကွယ်လို့ပြောတဲ့အခါ ကိုယ့်တစ်ယောက်တည်း ကွက်ပြီးကျန်ခဲ့သလိုခံစားရတာမျိုးတွေ......အေး....ငါက ဗမာကားတွေ မကြည့်တော့
မင်းကိုမသိဘူးကွာလို့ ရိတိတိပြောတာလေးတွေ.....မင်းတို့အလှည့်မှာမရှိစေချင်ဘူးကွာ.....အေးလေ....ဘာပဲလုပ်လုပ် အကောင်းဆုံး
ဖြစ်အောင်လုပ် ....စိတ်ရင်းနဲ့နှစ်ပြီးလုပ်....တော်ရုံတန်ရုံဆိုတာမျိုးဘယ်တော့မှမလုပ်နဲ့.....ဟိုစပ်စပ်ဒီစပ်စပ်လဲလျောက်မလုပ်နဲ့....
ဖြစ်ပါ့မလားဆိုတဲ့အတွေးမျိုးနဲ့ မလုပ်နဲ့....ဖြစ်အောင်လုပ်မယ်လို့စိတ်ခိုင်ခိုင်မာမာထားပြီးလုပ်.....
                    ဟိုနေ့က သားကြီးကို မင်းမေမေနဲ့ ဖိုးဖိုးတို့က ငတုံးလို့ပြောတော့ တအိမ်လုံးရယ်နေတဲ့အခါ ဦးဦးဝင်ပြောခဲ့တာ
မှတ်မိလား.....မင်းကအတန်းမော်နီတာဆိုတော့ ပိုက်ဆံသိမ်းရတယ်လေ....မုန့်ဖိုးမေ့ကျန်လို့ ဘာမှမစားရပဲ တနေ့လုံးအဆာခံပြီး
ပြန်လာလို့ .....မင်းမေမေက သားရယ် မင်းကောက်ထားတဲ့အထဲက ၀ယ်စားပေါ့.....နောက်မှမေမေပြန်ထည့်ပေးမှာပေါ့ဆိုတာ
ဟာ....မေမေကလဲ....အဲဒါသူများပိုက်ဆံတွေလေဆိုပြီး ပြောလို့ ငတုံးဆိုဝိုင်းရယ်တော့ မင်းပေကလပ်ပေကလပ်လုပ်နေတာ.....
နောက်ပြီး မြန်မာစာစာအုပ်မပါတဲ့လူ မတ်တတ်ရပ်ဆိုလို့ မင်းတစ်ယောက်ထဲရပ်ရတာ....နောက်မှတခြားလူတွေလဲမပါပဲနဲ့ ပါချင်ဟန်
ဆောင်ပြီးတခြားထဲမှာရေးတာ အဲဒီအကြောင်းပြောတော့လဲ......မင်းကို ငအကြီးဆိုပြီး လူကြီးတွေရော ညီမလေးကပါ ၀ိုင်းဟားတော့
မင်းမျက်နှာငယ်လေးလုပ်နေတာ.....အဲဒီအချိန်မှာ ဦးဦးဝင်ပြောလိုက်တာမှတ်မိလား....နင်တို့ ကလေးကို အမှားတွေသင်ပေးမိနေပြီ
သေချာစဉ်းစားကြည့်....သားကြီးမင်းလုပ်တာ တစ်ခုမှမမှားဘူး အကုန်မှန်တယ်....လို့ မင်းကိုပခုံးပုတ်ပြီးပြောခဲ့တာမှတ်မိလား
လူကြီးတွေလဲ စဉ်းစားမိသွားပုံရတယ်......ဟုတ်တယ် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ပါစေ......
အဖွဲ့အစည်းပိုင်ပိုက်ဆံကို စိတ်နဲ့တောင်မပြစ်မှားတဲ့သတ္တိ....ကိုယ်မေ့သွားမှားသွားတာကို ရောယောင်မချပဲ ၀န်ခံရဲတဲ့သတ္တိ....
သိပ်ကိုမှန်တယ်သားကြီးရေ......ဦးဦးလေးလေးနက်နက်ထပ်ပြောမယ်......လေးစားတယ်ကွာ.....နောင်ကိုမင်း ဒီစာဖတ်မိတဲ့အခါ
အဲဒီအချိန်က ဦးဦးပခုံးပုတ်ခဲ့တာဟာ မင်းကိုအလေးပြုခဲ့တာပေါ့ကွာ....တကယ်တော့အမှားကြီးတွေက လောကမှာ အမှန်ကိုအုပ်ပြီး
မှန်သယောင်ယောင်ဖြစ်နေတာပါကွာ.....လူကြီးတွေကလဲ သားသမီးကို ချစ်တဲ့ဇောနဲ့ လိမ်နည်းညစ်နည်းတွေကို သတိမထားမိပဲ
သင်ပေးမိနေတတ်တယ်....သားကြီးရေ.....မင်းစိတ်ကို ခုလိုအရောင်မဆိုးပဲ ကြီးသည်ထိနေနိုင်ပါစေကွာ....ဒါပေမယ့်........
တစ်ခုတော့ရှိတယ်သားကြီးရေ....အဲဒီလိုမှန်ကန်မှုကိုတန်ဖိုးထားတတ်တဲ့လူတွေဟာ လူ့အဖွဲ့အစည်းထဲမှာ ငတုံးကြီးတွေအဖြစ်
အကျဉ်ခံရ နှိမ့်ချခံရတတ်တယ်သားကြီးရေ.......ကဲ.....မီးပြန်လာပြီကွာ ဦးဦးအလုပ်လုပ်လိုက်ဦးမယ်.....
မိုးတောင်လင်းနေပြီကွ........
                                                                                    ချစ်သော ဦးဦး
                                                                                                 လဂွန်းအိမ်
                                                                                 26.8.2011     FRI 6:05 Am

Thursday, July 28, 2011

ကျွန်တော်နှင့်သူမ

အလုပ်ကိစ္စပြီးအောင် ကွန်ပျူတာဖြင့် ညနက်သည်ထိ နပန်းလုံးကာ လက်စသတ်၍ ကျွန်တော်အိပ်ရာပေါ်ရောက်ချိန်တွင် သူမအိပ်မောကျနေပြီ ဖြစ်သည်။သူမဘေး၌အသာလှဲအိပ်ရင်း
နဖူးလေးအားငြင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ဆတ်ခနဲတချက်တွန့်သွားသည်မှအပ မျက်လုံး
ဖွင့်မကြည့်။ကျွန်တော်သိလိုက်ပါပြီ။ညနေကအဖြစ်အပျက်ကို သူမ မကျေနပ်သေးသဖြင့် အိပ်ချင်
ဟန်ဆောင်နေခြင်းဖြစ်သည်။အမှန်ကတော့ သူမအပြစ်ချည်းပဲလဲ မဟုတ်ပေ။တနေကုန်တိုက်ခန်း
ထဲတွင် သူမအားပစ်ထားခဲ့ပြီး အလုပ်သွားနေရသော ကျွန်တော်၏ တာဝန်မကျေမှုလည်းပါသည်။

သူမနှင့်ကျွန်တော်တွေ့ဆုံဖြစ်သည်မှာ မကြာလှသေး။သူမကျွန်တော်အခန်းတွင်
လိုက်နေဖြစ်သည်မှာလည်း မကြာလှသေး။သို့သော်တစ်ဦးနှင့်တစ်ဦး သံယောဇဉ် အလွန်တွယ်နေပြီ
ဖြစ်သည်။သူမနှင့်မတွေ့ခင်က ကျွန်တော်တစ်ယောက်တည်း အခန်းထဲတွင်ဖြစ်သလိုနေ ဖြစ်သလိုစား
ဖြင့်အထီးကျန်ဆန်လှသည်။ညနက်သည်ထိ အလုပ်လုပ်၊ပျင်းလျင် သီချင်းနားထောင်၊ဂစ်တာတီး၊
ဂစ်တာတီးသည်ဆိုသော်လည်း ဘေးခန်းများကို အားနာရသဖြင့် ကျယ်ကျယ်မဆိုမတီးဖြစ်။ရံဖန်ရံခါ
အခန်းထဲတွင်အရက်ဝယ်သောက်။နိစ္စဓူဝကိစ္စများဖြင့် ရိုးစင်းစွာလည်ပတ်နေရသော တကောင်ကြွက်
ဘ၀မှာ လွန်စွာပျင်းရိခြောက်သွေ့ဖွယ်။ရံဖန်ရံခါ အထီးကျန်မွန်းကျပ်လွန်းလှသဖြင့် စကားပြောဖေါ်လို
ချင်မိ၏။သတိမထားမိပဲ တစ်ကိုယ်တည်း စကားများပြောနေမိသည်လဲရှိ၏။ငါ ကြောင်စများ ပြုနေပြီလား
ဟုပင် သံသယ၀င်မိ၏။

ကျွန်တော့်အခန်းသို့ သူမရောက်လာခြင်းမှ အစပြုကာ အရာရာပြောင်းလဲသွားသလို ခံစားရ
သည်။အထီးကျန်ခြင်းမှ လွတ်မြောက်သွား၏။ကျွန်တော်စာဖတ်ချိန်များတွင် ရင်ခွင်ထဲခေါင်းလေးဝင်မှေးကာ ကျွန်တော့်မျက်နှာကိုငေးကြည့်တတ်၏။သူမကိုဂစ်တာတီးပြသောအခါ ဂစ်တာအိုးကို လက်သည်းရှည်လေး
များဖြင့်ခြစ်ကာ ငြိမ်သက်စွာနားထောင်တတ်၏။ရံဖန်ရံခါ သူမပျင်းရိလျင် ကျွန်တော့်ကို စိတ်မတိုတိုအောင်
စကာ အခန်းကျဉ်းကလေးထဲတွင် ၀ရုန်းသုံးကားဖြင့် လိုက်တမ်းပြေးတမ်းကစားကြ၏။ခြောက်သွေ့သော
ကျွန်တော့်ဘ၀၏ ကယ်တင်ရှင်သူမကို ကျွန်တော် လွန်စွာမြတ်နိုးမိပါသည်။

အမှန်က သူမ၏ နောက်ကြောင်းရာဇ၀င်ကို ကျွန်တော်လုံးဝ မသိရပါ။သူမနှင့် စတွေ့ရပုံမှာ
အရက်ဆိုင်မှ မူးပြီးပြန်လာချိန် လမ်းပေါ်တွင်ဆုံစည်းခဲ့ရခြင်းဖြစ်သည်။စကားမဆိုဖြစ်သော်လည်း သူမဘာ
လိုအပ်နေသည် ကျွန်တော်ဘာလိုအပ်နေသည်ဆိုသည်အား မျက်လုံးများဖြင့် အဓိပ္ပာယ်ဖေါ်

နားလည်လိုက်ကြ၏။ထုံးစံအတိုင်း ညဘက်ရောင်းသော လမ်းဘေးထမင်းကြော်ဆိုင်တွင် ကျွန်တော်ဝင်စားရင်း သူမကိုပါခေါ်ကျွေးလိုက်၏။
အို......သူမခမျာ မည်မျှဆာလောင်မွတ်သိပ် ခဲ့သည်မသိ။ခေါင်းမဖေါ်တမ်း စားနေတော့သည်။
ထိုမှစ၍ ကရုဏာသက်ကာ သူမအပေါ်ချစ်မိသွားခြင်း ဖြစ်ပေမည်။ကျွန်တော့် အခန်းသို့ခေါ်သောအခါ
ငြင်းဆန်တွေဝေခြင်းမပြု ၊လျောလျောလျူလျူလိုက်ခဲ့၏။သူမကား ခိုကိုးရာမဲ့ကလေး ပေတကား။
သူမနှင့်ကျွန်တော်နှစ်ဦးသဘောတူအတူနေဖြစ်ကြသည်။ဘာစာချုပ်စာတမ်းမျှမရှိပါ။သူမအကြောင်း
ဘာကိုမှ မသိရပါ။ယုတ်စွအဆုံး သူမ အပျိုဟုတ်မဟုတ်ကိုပင် မသိရ။ထိုအရာများအားလုံးသည် ကျွန်တော့်အတွက်
အရေးမကြီးလှပါ။အထီးကျန်ကျွန်တော့်တွင် အဖေါ်မွန်ကောင်းတစ်ယောက် ရှိလာပြီမဟုတ်လော။သူမကလည်း
ကျွန်တော့်အပေါ်ချစ်ရှာ၏။ရံဖန်ရံခါ ကလေးလိုဆိုးနွဲ့ ဂျီကျတတ်၏။အဆိုးဆုံးမှာ ညဘက် တပိုတပါးသွားရန်ပင်
တစ်ယောက်တည်းမသွားရဲ။အိပ်မောကျနေသော ကျွန်တော့်အား အတင်းလာနှိုးတတ်၏။အိပ်ရေးပျက်သဖြင့်
ဒေါပွပွဖြင့် ဆူပူဆောင့်အောင့်ကာ လိုက်စောင့်ပေးရသော ကျွန်တော့်ဒေါသသည် ကိစ္စ၀ိစ္စပြီး၍ပြန်လာသော
သူမက ခေါင်းကလေး တစ်ချက်ဝှေ့ရုံဖြင့်ပင် အရည်ပျော်ကျသွားတတ်လေသည်။

သို့သော်.........
မနေ့ညနေကကိစ္စကတော့ တဆိတ်လွန်လွန်းလှသည်ဟု ထင်မိသည်။ဘယ့်နှယ် အလုပ်ကမောမော
ပန်းပန်းပြန်လာသော ကျွန်တော့်ရင်ထဲတွင် မည်ကဲ့သို့ရှိမည် သူမစဉ်းစားတတ်ဖို့ ကောင်း၏။တိုက်ခန်းအပေါ်
တက်သောလှေကားရင်းတွင် အကောင်တစ်ကောင်နှင့်သူမ ပလူးနေသော မြင်ကွင်းကို မြင်လိုက်ရသောအခါ
ဒေါသငယ်ထိပ်ထိရောက်လာ၏။သူမ၏အကောင်ကတော့ ကျွန်တော့်ကို မြင်သည်နှင့် လှစ်ခနဲပြေးလေပြီ။
ဒီကောင့်ပုံစံက စုတ်တီးစုတ်ပဲ့ လမ်းပေါ်က ကလေကချေတစ်ကောင်ပဲ ဖြစ်မည်။ကျွန်တော်မရှိသည့်အချိန်
သူမတို့နှစ်ယောက် ဘယ်အခြေအနေအထိ ဖြစ်ပျက်ပြီးပြီနည်း။ဒေါသမည်သို့မှ ထိန်းမရတော့။မျက်နှာငယ်လေးနှင့်
မော့ကြည့်ကာ တဆတ်ဆတ်တုန်ယင်နေရှာသော သူမကို သနားရန်သတိမရတော့။စိတ်လိုက်မာန်ပါ ခြေဖြင့်ကန်
လိုက်မိ၏။အခန်းထောင့်ရောက်သွားသောသူမကို ဂုတ်မှဆွဲကာ အခန်းထဲခေါ်သွင်းရင်း ဆင့်ကာဆင့်ကာရိုက်မိ၏။
ပါးစပ်မှလဲ ပြောမိ၏။

"ငါမရှိတုန်း နင်အတော်နန့်ကြောဆွဲနေတာကိုး...အတော်ယုတ်မာတဲ့ကောင်မ.....နင်ဟာ
လမ်းပေါ်မှာပဲ နေဖို့ကောင်းတဲ့ အောက်တန်းစားမ....အမျိုးယုတ်မ..."
စသဖြင့်ကြိမ်းမောင်းပြောဆိုရင်း အိပ်ရာပေါ်ကိုင်ပေါက်ပစ်ခဲ့၏။ညစာစားသည်အထိ ဒေါသမပြေပဲ သူမကိုထမင်းစားမခေါ်ခဲ့။သူမစားရပုံတော့ မပေါ်သေး။သို့သော် သူ့အပြစ်နှင့်သူလဲ ရှိသဖြင့် လာလဲမစားရဲရှာပေ။
အိပ်ရာပေါ်တွင်သာ ခွေအိပ်နေရှာသည်။စိတ်တိုတိုဖြင့် ကွန်ပျူတာရှေ့ထိုင်ကာ အလုပ်များထိုင်လုပ်နေသော
ကျွန်တော့်ကို ခိုးကြည့်နေရှာသည်။တခုခုပြောချင်ပုံရပါသည်။ကျွန်တော့်ဒေါသကိုလဲ အတော်ကြောက်သွားပုံရ၏။
သူမဘယ်အချိန် အိပ်ပျော်သွားသည်ကိုမသိ။ကျွန်တော်အိပ်ရာထဲဝင်တော့ အိပ်မောကျနေရှာသည်။
သူမနဖူးကလေးကို ပွတ်သပ်ပေးလိုက်တော့ ဆတ်ခနဲလှုပ်သွားသည်မှအပ မျက်လုံးဖွင့်မကြည့်။
သူမကိုရိုက်လိုက်တာ လွန်များသွားပြီလား။သူမကျွန်တော့်ကို စိတ်နာသွား ပြီလား။သူမကိုဖက်ရင်း အိပ်လိုက်သည်။

မနက်မိုးလင်းတော့ သူမကျွန်တော့်ကို နားနားကပ်၍ တိုးတိုးလေးနှိုးရှာသည်။ကျွန်တော်မထချင်သေး၍
ဆက်အိပ်နေလိုက်သည်။ပါးကိုနမ်း၍ နှိုးပြန်၏။အင်း....မနေ့က အဖြစ်အပျက်ကို သူမမေ့လိုက်ပြီထင်သည်။ထုံးစံ
အတိုင်းနမ်းဖေါ်ရသဖြင့် စိတ်ပြေသွားပြီဟုသိကာ စိတ်ထဲကျေနပ်သွားသော်လည်း ဆက်ပြီးပေအိပ် နေဖြစ်သည်။
သူမစိတ်ဆိုးလာပုံရသည်။နှာခေါင်းကို သွားဖြင့်နာအောင်ကိုက်ကာ ဇွတ်နှိုးတော့၏။နားနားကပ်ကာလဲ အကျယ်ကြီး
အော်နှိုး၏။ကျွန်တော် တဟားဟားရယ်ရင်း လူးလဲထကာ သူမခေါင်းကို တချက်ပုတ်ရင်း မျက်နှာသစ်ကာ ပြန်လာတော့
ထမင်းစားပွဲတွင် ထိုင်စောင့်နေသည်ကို တွေ့ရ၏။ဟုတ်ပေသားပဲ.....သူမ မနေ့က ညစာမှမစားခဲ့ရတာ။မနက်စာ
အတူတူစားရင်း သူမကို မနေ့က အဖြစ်အပျက်အတွက် တောင်းပန်စကားဆိုမိသည်။

"ငါ မနေ့က နင့်ကို ရိုက်မိတာ စိတ်မကောင်းပါဘူးဟာ....တကယ်ဆို နင်ကလဲ အဲဒီလိုမနေသင့်ဘူးလေ...
ငါနင့်ကို ချစ်လို့ ဒေါသထွက်မိတာပါဟာ.....နောက်ဆို လိမ်လိမ်မာမာနေနော်.....ငါလဲနင့်ကို မရိုက်တော့ဘူးနော်"

ခေါင်းကလေးကိုသပ်ရင်း ကျွန်တော် တတွတ်တွတ်ပြောတော့ မော့ကြည့်ကာ ကျေအေးကြောင်း
စကားဆို၏။အမှတ်သညာမထားတတ်သောသူမ မည်မျှချစ်ဖို့ကောင်းလိုက်ပါသနည်း။
"ညောင်"
"အင်း......ဒီလိုလိမ္မာရင် အလုပ်ပြန်တဲ့အခါ နင်ကြိုက်တဲ့ ကြောင်စာထုပ် အကြီးကြီး ၀ယ်လာခဲ့မယ်နော်"
"ညောင်"
သူမနှင့်ကျွန်တော် ပြေလည်မှုရသွားပြီဖြစ်ပါသည်။

.......................................................................................................................................................
လဂွန်းအိမ်
26.2.2011 2:50 Am

နာနာဘာဝဘ၀ရောက်ခဲ့စဉ်အခါက

                                          "ဖြန်း"
"ဟဲ့ကောင်မ.......မှတ်ပြီလား.......နင်ငါတို့မိသားစုကို ဘာဒုက္ခပေးချင်လို့လဲ.....
ငါတို့မိသားစုဆီကဘာလိုချင်လို့လဲ"

          ဆူဆူညံညံအသံများကြောင့်အိပ်ရာကနိုးလာခဲ့သည်။အိပ်ရေးကမ၀သေး မနက်လေးနာရီခွဲလောက်ကမှ
အိပ်ရာထဲဝင်ခဲ့ရသည်။ခုဘယ်နှစ်နာရီပါလိမ့် ။ကိုးနာရီထိုးလုပြီပဲ။အခန်းတံခါးဖွင့်ကြည့်တော့ ဧည့်ခန်းတွင်
ဘုန်းကြီးများနှင့် လူရုတ်ရုတ်သဲသဲတွေ့ရ၏။အလယ်တွင်ခေါင်းစုတ်ဖွားနှင့် ကတုန်ကယင်ဖြစ်နေသူက ဒေါ်မိခိုင် ။
သူမကို ပါးတဖြန်းဖြန်းချနေသူက သူမ၏အစ်ကိုအကြီးဆုံး ကိုလေးနိုင်။
                    ကျွန်တော်ငှားနေသောအခန်းပိုင်ရှင်များဖြစ်၏။မောင်နှမအားလုံးအပျိုကြီးလူပျိုကြီးတွေဖြစ်ကြ၏။အငယ်ဆုံးနှမတစ်ယောက်
မှာသာသားသမီးရှိ၏။မောင်နှမများစုနေကြသည်။ညီမကိုပါးချနေသဖြင့်တော်တော်ရက်စက်တဲ့အစ်ကိုပဲလို့တော့
အမြင်မစောင်းစေချင်။ပုံမှန်အားဖြင့်ညီမများအပေါ်အလွန်ချစ်သောအစ်ကိုကြီးဖြစ်သည်။ယခုအခြေအနေကတော့
တစ်မျိုးဖြစ်၏။ဒေါ်မိခိုင်မှာမွေးရာပါ ဆွံ့အသူဖြစ်၏။မကြာခဏဆိုသလို စုန်းပူးသလို နတ်ပူးသလို ၀ူးဝူးဝါးဝါးဖြစ်တတ်သည်။သရဲဝင်ပူးသည်ဟုဆိုကြ၏။မကြာခဏဆိုသလို ပယောဂကုခြင်း ဘုန်းကြီးပင့်ကမ္မ၀ါဖတ်ခြင်းများရှိတတ်သည်။ထိုကိစ္စမျိုးများအား သူတို့ဆီရောက်မှ မြင်ဘူးခြင်းဖြစ်သည်။
            ကျွန်တော့်စိတ်ထင်တော့ ဟစ်စတီးရီယားလို စိတ်ဝေဒနာတစုံတခုဖြစ်မည်ထင်၏။ဒါကထားပါတော့....
စိတ်ရောဂါလို့ပြောလျင်လဲရူးနေတယ်ပြောရကောင်းလားဖြစ်ဦးမည်။ခုကိုလေးနိုင်ပါးပိတ်ရိုက်နေသည်မှာ သရဲကိုဖြစ်၏။
သရဲတော့မသိ ဒေါ်မိခိုင်ကတော့ အဗျင်းခံနေရပြီဖြစ်သဖြင့် မနေတတ်မထိုင်တတ်ပဲ ၀င်ဆွဲရ၏။သူမခေါင်းကစုတ်ဖွားဖွား၊
မျက်စိနီကြောင်ကြောင်နှင့်သူငယ်အိမ်ကလည်နေ၏။လျှာတွဲလောင်းကြီးထုတ်ထားသည်မှာအတော်ရှည်၏။
စကားမပြောတတ်ပေလို့ပေါ့။ပြောတတ်ရင်ဒီလိုလျှာရှည်ပုံမျိုးနှင့်မလွယ်။လျှာကြီးက မည်းမည်းပြာပြာကြီးဖြစ်နေ၏။
                         ဘုန်းကြီးလေးများက ငယ်သေး၏။ကမ္မ၀ါစဖတ်တော့ ဒေါ်မိခိုင်ကို ပရိတ်ကြိုးနှင့်ပတ်၍ ထိုင်ခိုင်းထား၏။ဦးဇင်းလေးများက စတင်ရွတ်ဖတ်ကြသည်။ကျွန်တော်က အပေါက်ဝမှာ ရပ်ကြည့်သည်။
သရဲပူးတာလာကြည့်သော ပရိသတ်ကမနည်းလှ။ကျွန်တော်လဲ မျက်နှာမသစ်ဖြစ်သေးပဲ ခနရပ်ကြည့်မိ၏။
ဘာညာသာရကာရွတ်နေရင်းမှ ဒေါ်မိခိုင်က ရုတ်တရက်ထပြေးသည်မှာ ကျွန်တော့်ဆီတည့်တည့် ။ကြောက်အားလန့်အားထပြေးသူကပြေး၏။ကျွန်တော့်ဆီပြေးဝင်လာသော ဒေါ်မိခိုင်ကို ဆီးဖမ်းထားလိုက်
ရ၏။ကျွန်တော့်လက်ထဲတွင် ပျော့ခွေကျသွားသဖြင့်အလိုက်သင့်ထိန်းကာထိုင်ချလိုက်ရ၏။ကိုလေးနိုင်ပြေးပွေ့၏။
မကြာမီသတိလည်လာပုံရသည်။လျှာကသွေးရောင်ပြန်လွှမ်းလာသည်မှာအံ့သြစရာ။

            "ညီမလေး....သတိရပြီနော်.....ပါးကဘယ်လိုနေလဲ ....မနာဘူးမဟုတ်လား....
အကိုကြီးကမုန်းလို့ရိုက်တာမဟုတ်ဘူးနော်..ညီမလေးကိုဝင်ပူးတဲ့အကောင်ကိုရိုက်တာ....
ညီမလေးကိုရိုက်တာမဟုတ်ဘူးနော်.....အာဘွား....အာဘွား..."

                တတ်လဲတတ်နိုင်တဲ့လူ။ခုနကတော့ပါးပိတ်ချနေပြီး ခုကျအာဘွားဆိုပဲ။ကျွန်တော်ပြုံးမိ၏။
ခုမှကျွန်တော့်ကို အာရုံပြုမိဟန်တူသည်။

                "ဟာ....ဟေ့ကောင်.....မင်းကဘာလို့ဝင်ဖမ်းရတာလဲ.....မင်းဆီဝင်ပူးတတ်တယ်...လွှတ်ပေးလိုက်ရတယ်"

"ဖမ်းမထားလို့ အောက်ပြုတ်ကျရင်ဘယ်လို လုပ်မတုန်းဗျ"

                      သည်မှာတစခန်းထတော့သည်။

"ဟုတ်တယ်.....ဟုတ်တယ်...သူ့ကို ၀င်ပူးချင်ပူးမှာ...ကြည့်ပါလားမျက်လုံးကြီးကနီလို့"

                  အိပ်ရေးပျက်လို့နီနေတာနေမှာပေါ့။နီရုံတင်မကချိုင့်ပါချိုင့်နေပြီ။

"ခေါင်းကလဲစုတ်ဖွားဖွားနဲ့"

                    ခုမှအိပ်ရာထတာ မစုတ်ဖွားလို့ဘယ့်နှယ်လုပ်မတုန်း။

"ဟောလက်တွေလဲတုန်နေတယ်တွေ့လား"

                   ကျွန်တော့်လက်က အော်ရီဂျင်နယ်အတုန်ဖြစ်၏။အကြောအားနည်းတာလားဘာလားတော့ မသိပါ။
တုန်တာတော့တုန်၏။စိတ်များဆိုးလာရင်တကိုယ်လုံးပါ တုန်၏။

                "မဟုတ်ပါဘူးဗျ....မျက်စိက အိပ်ရေးပျက်လို့ လက်က............"

                  "ဘာမှလာရှင်းပြမနေနဲ့.....ချကွာ......"

                  ဘယ်တုန်းကတည်းက သောက်မြင်ကပ်နေမှန်းမသိသူက ပြေးရိုက်တာလှမ်းမြင်သဖြင့် အကျင့်ပါနေသော လက်ဝါးစောင်းကဆီးခုတ်မိ၏။လက်ခုံကိုခုတ်မိသည်။

                  "ဟာ.......ဓါတ်လိုက်သလိုပဲ ကျဉ်တက်သွားတယ်.....သူ့ကိုမထိကြနဲ့ဟေ့.....ဒီတခါပူးတာ ပိုအစွမ်းရှိတဲ့သရဲဖြစ်မယ်"

               ဟိုက်........သွားရှာပြီ။

             "မဟုတ်ပါဘူးဗျ.......ခင်ဗျားလက်ခုံမှာ ကျဉ်ကြောရှိတယ် အဲဒါကို ထိမိရင် အဲဒီလို......"

                "ဖြန်း"

                            ဘယ်သူကရေနဲ့ ပက်သည်မသိ။ရွှဲတော့ရွှဲသွားရ၏။ကြည့်ရတာ ဘုရားပန်းအိုးထဲကရေဖြစ်မည်။ပုပ်စော်နံ၏။
ပရိတ်ကြိုးဟူသော အပ်ချည်လုံးဖြင့်တယောက်ကပတ်၏။တယောက်ကပုတီးလာဆွဲ၏။ဆံပင်ရှည်ရှည် သရီးကွာတားနှင့်
မုတ်ဆိတ်ထိုးထိုးထောင်ထောင် ပုတီးလည်ပင်းဆွဲထားသော ကျွန်တော့်ပုံမှာ ဘာနှင့်တူနေမလဲတော့မသိ။
သူတို့ကိုလဲအပြစ်မပြောသာ။ကျွန်တော်နှင့်အတူတူနေသော တပည့်ကတောင်ညဘက်ကျွန်တော် ကွန်ပျူတာရှေ့ထိုင်နေလျင် စေ့စေ့မကြည့်ရဲဟုဆိုသည်။စုန်းမကြီးလိုလို၊သရဲကြီးငုတ်တုတ်ထိုင်နေသလိုလို မြင်မိသည်ဆို၏။
                           ခုတော့ပရိတ်ကြိုး ပုတီးအခန့်သားနှင့် ဘုန်းကြီးများရှေ့ရောက်နေပြီ။ဘုန်းကြီးလေးများက စတင်ရွတ်ဖတ်ကြပြန်၏။
သူတို့ကြည့်ရသည်မှာ ကြောက်နေဟန်တူသည်။အတွေ့အကြုံနည်းသေးသော ဦးဇင်းလေးများဖြစ်ဟန်တူ၏။ကျွန်တော့်ရှေ့က
ဦးဇင်းလေးကိုကြည့်ရာဆောင့်ကြောင့်ထိုင်နေသည်မှာ ကြုံ့ကြုံကလေး။ကျွန်တော့်ကိုမကြည့်။အမှတ်မထင်လှမ်းအကြည့်နှင့်
ကြုံ၍ နောက်ချင်စိတ်ပေါ်လာသည်နှင့် ရယ်ပြလိုက်၏။နောက်သို့ပိုဆုတ်သွားသည်။

                       "နမော တဿ ....ဘဂ၀တော..........................
 ....................................................................................................
........................................................................................................."

                          ဘာတွေလဲတော့မသိ ......ဒီတိုင်းဆို အတော်ကြာဦးမည်ထင်၏။ဘာလုပ်ရကောင်းမလဲ။မထူးပါဘူး။ရှေ့ကပန်းကန်ထဲက
ငှက်ပျောသီးတလုံးယူစားရင်းစဉ်းစားရ၏။

                         "ဟောတွေ့လား......ဒီသရဲက အတော်အကြောမာတယ် .........ငှက်ပျောသီးတောင်ယူစားနေတယ်...ငတ်ကြီးကျပါ့...."

                   စဉ်းစားရင်းတခုသတိရသဖြင့် အငယ်ဆုံးဒေါ်မိနိုင်၏သား အငယ်ကောင်ကိုလှမ်းခေါ်လိုက်ရ၏။ဒီကောင်က ဂစ်တာရူး။
ကျွန်တော့်ဆီဟိုအကွက်လာမေး။ဒီအကွက်လာမေးမေးသည့်အကောင်။

               "အငယ်ကောင်......ငါ့ကိုဂစ်တာယူပေးစမ်း......အူကြောင်ကြောင်လုပ်မနေနဲ့....သွားယူ"

               အငယ်ကောင်ကဂစ်တာယူလာ၏။

             "ဒီမှာ......ကျုပ်သရဲမဟုတ်ကြောင်းပြမယ်နော်....သရဲဆိုဂစ်တာတီးတတ်ပါ့မလား......
အငယ်ကောင် ညကငါ့ကိုတီးပြခိုင်းတာ ဘာသီချင်းလဲ"

            "ဟို.....လေးဖြူလေ......ဒန်တန့်တန့်တန်.....တန့်တန်....ဆိုတဲ့ဟာ"

         "အော်ဟုတ်ပြီမှတ်မိပြီ......ဒါမဟုတ်လား...........
ငရဲကိုဖေါက်ထွက်.......ဟေ့ဟေ့
သေခြင်းရဲ့တံခါးများ"

                       အကုန်ဘေးကိုရှဲကုန်၏။ဟုတ်သားပဲ သရဲပူးနေပါတယ်ဆိုမှ ဒီသီချင်းမဟန်သေးပါဘူး။နောက်တပုဒ်ပြောင်းမှ

"သူခေါ်တယ်လာပါလာပါ.....ညညဆိုကြားရ ကြားရ"

               ဒါကပိုဆိုးနေပါလား.......သောက်ရေးထဲ ဘယ်လိုလုပ်ဒီသီချင်းတွေ ပါးစပ်ထဲလာရောက်နေပါလိမ့်..........
မထူးပါဘူး ကလပ်စစ်ကယ်လ်တေးသွားအငြိမ်လေးတစ်ပုဒ်ကောက်တီးလိုက်၏။မဆိုးလှ ငြိမ်ကျသွားသည်။
အပျိုကြီးတယောက်ကတရှုံ့ရှုံ့နဲ့ ထငို၏။ဘာဖြစ်တာလဲဆိုတော့ အွန်စောကိုသနားလို့တဲ့...အွန်စောသေတဲ့အခန်း
ထဲကတီးလုံးလေးမို့တဲ့....အော်ဟုတ်သားပဲ.......ဒီ Romance ဆိုတဲ့အပုဒ်ကို ကိုရီးယားကားတွေတော်တော်ယူသုံးကြ၏။
                 "ကိုလေးနိုင်.......ယုံပြီလား.....ကျုပ်သရဲမဟုတ်ဘူးနော်.....မယုံရင်နောက်တခုထပ်ပြမယ်.....ကျုပ်ကိုစာရွက်နဲ့ဘောပင်
တစ်ချောင်းလောက်ယူပေး......"

                    "ဘာ.......ဘာ....လုပ်မလို့လဲ....အင်းတွေ ဘာတွေမရေးရဘူးနော်"

အရေးထဲဒီလူကတမှောင့်......ရန်ကုန်မြို့လည်ခေါင်မှာနေပြီး ဂမ္ဘီရကြောင်ကြောင်နေသည်။စုန်းကဝေနတ်ဘိုးတော် အကုန်ယုံ၏။
ဂွကျပါ့ကွာ။

             "ဘာအင်းမှ မဟုတ်ပါဘူးဗျာ......ကယ်ရီကေးချား.......ခင်ဗျားပုံရုပ်ပြောင်ရေးပေးမလို့......သရဲဆိုပုံဆွဲတတ်ပါ့မလား"

                      စာရွက်နဲ့ဘောပင်ရတော့ ရုပ်ပြောင်ကောက်ဆွဲပေးလိုက်သည်။ဒီနည်းလဲမဆိုးလှ ၀ိုင်းကြည့်ရင်းသဘောကျကုန်ကြ၏။

"ဟဲ့ ကိုလေးနိုင်ကြီးနဲ့တူတယ်တော့.....ဗိုက်ပူပူ နဖူးပြောင်ပြောင်လေး"

"ငါ့လဲတပုံလောက်ဆွဲပေးပါလား"

"ညီမလေးကိုပုံတူလှလှလေးတပုံလောက်"

"ဟိုးထား.....ဟိုးထား......တော်ပြီလေ.......ကျုပ်သရဲမဟုတ်ကြောင်းလက်ခံပြီမဟုတ်လား"

"အင်း ..........ဟုတ်တော့ဟုတ်လောက်ပါတယ်.....ခုနကတော့ ရုပ်ကြီးကတမျိုးကြီးနော်..........."

"ဘာတမျိုးကြီးမှမဟုတ်ဘူး.......ကျုပ်အိပ်ရာထလို့ အိမ်သာတက်ချင်နေတာ.......ခင်ဗျားတို့သောက်လုပ်ရှုပ်နေကြလို့
အောင့်ထားရတာ"

"အေး......ဒါကြောင့်ထင်သား......ဒီသရဲက အပုပ်နံ့ပါပေးတယ်လို့"

"အဲဒါအပုပ်နံ့မဟုတ်ဘူး.....အီးနံ့ဗျ.....အီးနံ့........ရှူဦးမလား.......
ဖယ်ကြဗျာ ကျုပ်အိမ်သာတက်ချင်လှပြီ......"

                     ပြောပြောဆိုဆို အိမ်သာဆီပြေးကာထိုင်ချရင်းမှ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်ကာ တဟားဟားရယ်မိ၏။

"ဟော အိမ်သာထဲမှာပူးပြန်ပြီထင်တယ်"

"ဟုတ်တယ်ဗျို့ ပူးလဲပူးတယ်ခွလဲခွတယ် တတုံးပေါ်လဲတတုံးထပ်တယ် လာကြည့်ကြဦးမလား"

                စိတ်ပေါက်ပေါက်နှင့်ထအော်လိုက်တော့မှ ဧည့်ပရိဿတ်အပေါင်းမှာ လျင်စွာငြောင်းကြလေတော့သည်။

..........................
လဂွန်းအိမ်

Monday, July 25, 2011

King of Music နှင့် ထိတွေ့ခြင်း



ကျွန်တော်ကျောင်းသားဘ၀တုန်းက အနုပညာဘက်မှာ ဂီတကိုပိုမိုအားသန်ခဲ့ပါတယ်..........ကိုယ်ပိုင်သံစဉ်တွေရေး.....

အဆောင်တွေ ကျောင်းပွဲတွေမှာ ဂစ်တာတီးပေါ့လေ....ပန်းချီကတော့ တခါတလေဆွဲဖြစ် ကဗျာတခါတလေရေးဖြစ်ပေါ့...

တနေ့က တေးရေးကိုနေ၀င်းအနှစ်ငါးဆယ်ပြည့်မွေးနေ့ပွဲ သီချင်းဓါတ်ပြားချပ်ကိုကြည့်မိတော့ ကိုနေ၀င်းရဲ့ ခွန်အားဖြည့်မိငယ်ကို

ဇော်ဝင်းထွဋ်ရဲ့ဆိုဟန်ကို ကြည့်ရတော့ ကျောင်းပွဲတစ်ခုကို အမှတ်ရမိတယ်......ဇော်ဝင်းထွဋ်ကတော့ ထုံးစံအတိုင်း ဟိုပြေးဒီပြေး

ဂစ်တာတီးတဲ့ကိုဇော်မျိုးထွဋ် (မစ္ဈိမလှိုင်း)ဆီပြေးဝင်လိုပြေးဝင်ပေါ့......

                           ကျောင်းပွဲတခုမှာ ကျွန်တော်က ဂစ်တာတီးတယ်....ခင်မောင်ထွန်းဆိုတဲ့ အင်းစိန်သားက အဲသလိုဇော်ဝင်းထွဋ်စတိုင်

သီချင်းဆိုတယ်.........ခုန်ပေါက်မြူးကြွနေတာပေါ့........ဟေ့ ပဲမြစ်ပြုတ်နဲ့ မင်းလေးကို မလဲနိုင်ဘူးဘာညာနဲ့ အော်ဟစ်နေရာက

ဆိုလိုပိုဒ်အရောက်မှာ ရော့ခ်အဆိုတော်ကြီးများဟန်အတိုင် ကျွန်တော့်ဆီကားယားကြီးခုန်ဝင်လာပါတယ်.......၀တ်ထားတာက

အနက်ဝမ်းဆက် မည်းမည်းကြီးကိုယ့်ဆီ ရုတ်တရက်ခုန်ဝင်လာတာမြင်တော့ လန့်ပြီးဂစ်တာတီးနေရင်က ယောင်ပြီးကန်ထည့်

လိုက်ပါတယ်.......ရော့ခ်ကာကြီးခင်မောင်ထွန်းခမျာ အွတ်ခနဲမြည်လို့ စင်အောက်ကိုဖုတ်ခနဲ ပြုတ်ကျပါတယ်.....တော်ပါသေးတယ်

စင်က လေးပေလောက်ပဲမြင့်ပါတယ်.......ငနဲက အောက်မှာတောင် ဆက်ဟဲနေသေးတယ်......ငါလိုချင်တာဒါတွေမဟုတ်ဘူး...

အတော်အခွက်ပြောင်တဲ့အကောင်......အဲဒါသတိရမိပါတယ်.....တော်ပါသေးတယ်.....ကိုဇော်မျိုးထွဋ် (မစ္ဈိမလှိုင်း)ကြီးက ကျွန်တော့်လို

မယောင်တာ......

                           ခုနောက်ပိုင်းမှာကျတော့ ကွန်ပျြူတာနဲ့ ပိုတီးဖြစ်ပါတယ်.......ကိုယ်ပိုင်လေးတွေကို ရေးတီးပေါ့....စတူဒီယိုမရှိပေမယ့်

အတော်လေးလုပ်နိုင်ခွင့်ရှိပါတယ် ကွန်ပျူတာကျေးဇူးပေါ့........အဲဒီဟာလေးတွေကို စိတ်ဝင်စားတဲ့ ချာတိတ်တွေက လာမေးရင်

သင်ပြပြောပြ တခါတလေသူတို့ရေးထားတာလေးတွေကိုတီးပေး ပုံဖေါ်ပေးပေါ့လေ........ဒီဘက်ခေတ်လူငယ်ကြိုက်တွေကို

ကျွန်တော်မကြိုက်သော်လဲ သူတို့ရဲ့ဝါသနာကို မဖျက်ဆီးပါဘူး.......သူတို့နှစ်သက်တဲ့ ဂီတကိုသူတို့ လွတ်လပ်စွာခံစားလို့ရပါတယ်.....

ဂွကျတာက စကားလုံးတွေတရစပ်ရွတ်တဲ့ ဂီတကိုကျွန်တော်မခံစားတတ်ဘူး......အရသာမတွေ့ဘူး.....ဒါပေမယ့်လဲ သူ့မှာလဲ

သူ့စည်းကမ်းနဲ့ သူ့စတိုင်ရှိပါတယ်.......အဓိကတော့ စည်းချက်နရီတန်ဖိုးတွေက ဂီတရဲ့ အရိပ်အောက်ကခွဲထွက်မရပါဘူး......

အဲဒီသဘောတရားလေးလောက်တော့ သိထားမှဆိုလို့အဆင်ပြေနိုင်ပါတယ်......ခက်တာကတချို့လူငယ်များက စည်းချက်တိုင်မင်ကို

နားမလည်ကြဘူး.....သူတို့နားလည်အောင် အလွယ်နည်းလေးရှင်းပြပြောပြပေါ့.........နားလည်ကြပါတယ် ဒုံးမဝေးကြပါဘူး

                             အဲဒီမှာ ညီငယ်ရက်ပ်ပါကလေးတယောက်ရောက်လာပါတယ်........စာရွက်ကလေးတရွက်နဲ့ ဒီသီချင်းလေးတီးပေးပါတဲ့

.......စာရွက်ကြည့်တော့ ရိုမီယိုဂျူးလိယက် အာဒမ်ဧ၀ ရှင်မွေ့လွန်း မင်းနန္ဒာ ချစ်တယ်ဆိုတာ ငါကပျင်းတယ်ဘာညာရေးထားပါတယ်....

ဒါကဘာလဲကွ ငါ့ကိုရည်းစားစာလာပေးတာလား လို့ ဂွတိုက်မေးတော့.....သီချင်းလေဗျာ အကိုကြီးကလဲတဲ့...သီချင်းဆို နုတ်စ်ပေးလေ

ကွာဆိုတော့......သားကနုတ်မရေးတတ်ဘူးတဲ့......ဒါဆိုလဲဆိုပြကွာ ဆိုတော့........အာဟအာဟနဲ့ ဘောင်းဘီဂွကြားကိုမမပြီး လက်ကဟိုထိုးဒီထိုး ကျွန်တော့်မျက်နှာကြီးဆီထိုးလိုထိုးနဲ့ ဆိုပြတော့....မျက်စိနောက်ပြီးထဆဲမိပါတယ်.....အေပေးလေး မျက်စိနောက်တယ်.....ဖြတ်ရိုက်လိုက်လို့ လိုင်စင်ပုံထွက်သွားမယ်....ကောင်းကောင်းဆို လက်ပိုက်ပြီးငြိမ်ငြိမ်ဆို ဆိုတော့.....ဟာဗျာဆိုပြီး

အထွန်တက်ပါသေးတယ်.......လက်နဲ့ထရွယ်တော့ လက်ကလေးပိုက်ပြီး ဆရာရှေ့စာပြန်သလို ရွတ်ပြပါတယ်......ကောင်လေးက

မျက်စိအောက်မှာကြီးလာတဲ့ ကလေးဆိုတော့.........တမင်လုပ်တာတော့မဟုတ်ပေမယ့် မျက်စိနောက် စိတ်မရှည်တတ်တဲ့ ကိုယ့်

အကျင့်အတိုင်း သူ့ကိုပြောတာပါ.......တီးပေးလိုက်ပါတယ်.......

                        တနေ့ကတော့ တယောကြီးပိုက်လာတဲ့ ချာတိတ်တစ်ယောက်နဲ့တွေ့ပါတယ်......ဒီကောင်က ဂစ်တာကို နုတ်စ်ကလေး

တလုံးသင်ပြီး ဆက်မသင်တော့ပဲ လစ်သွားတဲ့အကောင်....ဟေ့ကောင် မင်းတယောထိုးနေတာလားဆိုတော့.....ဟုတ်ဆိုပြီးထိုးပြပါတယ်

တကျွိကျွိနဲ့ လှည်းအိုကြီး ဖြတ်မောင်းသလိုပါပဲ.......ဟကောင်မင်းမထိုးတတ်သေးဘူးလားဆိုတော့...ဟုတ်ကဲ့တဲ့....ဒါဆိုဘာလို့

ဝယ်ထားတာလဲဆိုတော့ ချစ်လို့တဲ့......မင်းတီးတတ်ချင်ရင်ငါသင်ပေးမယ်ဆိုတော့...သင်မယ်တဲ့...ဒါဆိုငါ့ဆီထားခဲ့....ငါအရင်

တီးကြည့်ပြီးမှသင်ပေးမယ်လို့.....ဒိုရေမီဖါနဲ့ ဖွဲ့စည်းထားတဲ့တူရိယာဆိုရင် ကျွန်တော်သဘောပေါက်အောင်စမ်းပြီးရင် တီးလို့တော့

ဖြစ်ပါရဲ့......တခါကဆိုကျောင်းမှာ စောင်းနဲ့ပတ္တလားထားထားတယ် အတီးသင်မယ့်ဆရာကမရှိ.....ဒီတော့ကျွန်တော်နဲ့ တခြားဘော်ဒါ

တွေဝင်ကလိကြတယ်....အမယ်သူ့မှာလဲ ဒိုရေမီဖါနဲ့ကိုး.....ဒီတော့ ပတ္တလားခလုတ်တွေကို ဒိုရေမီဖါနုတ်တွေရေး နုတ်ချပေးပြီး

တကောင်ကတီး ကျွန်တော်က စောင်းကြီးပိုက်ပြီးတီးပါတယ်.....ခေတ်က ငယ်သံပါအောင်ကုန်းအော်မှလူရာဝင်တဲ့ ဟဲဗီးမက်တယ်တွေ

ခေတ်စားနေတဲ့အချိန်လေ.....ဟယ်ရီလင်းရဲ့ လိပ်ပြာတို့ ဘီလီထွန်းတို့ ရဲ့မက်တယ်လ်ဂီတကို ကျွန်တော်တို့က ရိုးရာပစ္စည်းတွေနဲ့

ဟစ်ကြတယ်.....ဆရာတွေကလဲ သဘောတွေကျလို့....ကမ္ဘာမှာတောင်ဒါမျိုးမပေါ်သေးဘူး.........စောင်းကဆယ့်ခြောက်ကြိုး.....

ဘယ်.....ဆယ့်နှစ်ကြိုးကဝေကိုသနားတာပေါ့.......

                                    ခုနကတယောကိုပြန်ဆက်မယ်.......အဲဒီတယောကိုထိုးကြည့်ပါတယ် ပထမဂစ်တာလို အရင်တီးကြည့်ပြီး နုတ်စ်ရှိတဲ့နေရာကိုစမ်းကြည့်.....နောက်ဘိုးတံနဲ့ထိုးကြည့်....အစတော့သိပ်မဟုတ်လှဘူး.....နောက်အသားကျသွားပြီး

သီချင်းတွေထွက်လာတယ်.....အမယ်....သူကလဲအရသာရှိသား......မျောနေတာပဲ.......ဒါကြောင့် တယောဦးတင်ရီက သူ့ဟာကြီးကို

King of Music လို့ပြောတာကိုး.......ကိုယ့်မုဒ်နဲ့ကိုယ်အိမ်ရှေ့မှာတယောထိုးနေရင်း မျက်စိဖွင့်မကြည့်မိဘူး.......မျက်စိဖွင့်တော့မှ

ဟိုက်ရှားပါး......ပရိသတ်တွေမနည်းပါလား.......လမ်းထဲမှာလျောက်သွားနေတဲ့ ခွေးတွေလေ.......လေးငါးကောင်လောက်ရှိတယ်.....

လျာတွဲလောင်းထုတ်တဲ့ကောင်ကထုတ် မျက်စိဲပြူးပြီးကြည့်တဲ့ကောင်ကကြည့် ....ခေါင်းလေးစောင်းပြီးကြည့်တဲ့ကောင်ကကြည့်....

အထူးအဆန်းလိုဖြစ်နေပုံရတယ်.....ဒီကောင်တွေတသက်နဲ့ တကိုယ် တယောသံကြားဘူးပုံမပေါ်ဘူး........အမယ်တယ်ဟုတ်ပါလား.....

ငါ့အနုပညာကိုလာခံစားနေတယ်ဟ.......တယောသံရပ်လိုက်တော့ တကောင်ကဟောင်တယ်.....ဆက်တီးလေပေါ့........ဆက်တီးတော့

မဟောင်ဘူး........တကောင်ကထအူတယ် ....သီချင်းဆိုတယ်ထင်တယ်.......ကီးမတည့်ဘူးဗျ......ကီးကြောင်နေတယ်...

ကျွန်တော်တီးတာ ဂျီကီး သူအူတာက အီးဖလက် ကြီး....ဟာမိုးနစ်တောင်မဖြစ်ဘူး...အုဝူဆိုပြီး

ကျွန်တော်ကလဲ အဲသလိုကီးမ၀င်ပဲ အသံသေးအသံကြောင်နဲ့ဆိုရင် အလွန်မုန်းတာ.......ထကန်လိုက်တော့ ထွက်ပြေးသွားကြတယ်....

ပြေးတာကောင်းကောင်းမပြေးဘူး အူသွားသေးတယ်.....တယောက်တပေါက် အဲ .....တကောင်တပေါက်နဲ့...........ဒီကောင်တွေစိတ်ထဲ

ဘယ်လိုတွေးလဲမသိ.....ဒီလူကြီးအူတတ်တယ်ဟ...သူ့အူသံက သံစဉ်အနိမ့်အမြင့်နဲ့ထူးဆန်းတယ်ဆိုတွေးပြီးများ လာနားထောင်သလား

မသိဘူး...........

                        အဝေးကြီးမသွားပဲ ခပ်လှမ်းလှမ်း ဓါတ်တိုင်နားကနေကြည့်နေကြသေးတယ်...........

Scorpion ရဲ့ Wind of Change ကိုတီးကြည့်လိုက်တယ်.....

6..71......6...7..........121.......

6....71.....6...7..........121....



Take me to the magic of the moment

On a glory night

Where the children of tomorrow share their dreams

With you and me

Take me to the magic of the moment

On a glory night

Where the children of tomorrow dream away

in the wind of change

6..71......6...7..........121.......

6....71.....6...7..........121....

                       ခွေးမသားတွေက ဓါတ်တိုင်အောက်ကနေလိုက်ဆိုတယ်.........

အူ...၀ု...အူ....အူဝူ.....အူဝုအူ ဆိုပြီး........ခဲနဲ့ကောက်ထုလိုက်တော့မှ လစ်သွားတော့တယ်



.............................................................................................................................................................

(လောလောဆယ်တယောသံနဲ့ တီးထားတာမရှိသေးလို့ရှိတာလေးကြည့်နိုင်အောင် ဗီဒီယိုဖိုင်လေးတွဲပေးလိုက်ပါတယ်)




                                                                                                 ချစ်သော

                                                                                                  လဂွန်းအိမ်

Wednesday, February 16, 2011

မှတ်ပလားကွ

အွန်လိုင်းမှ ကြောင်စီစီကဗျာဆရာပေါက်စ အောင်ပိုင် ဟူသောငတိကလေးအား ဇာတ်ကောင်လုပ်၍ ရေးထားခြင်း
ဖြစ်ပါသည်။

မှတ်ပလားကွ(အပိုင်းတစ်)

"သူငယ်ချင်း"

ရွာအမည်လေးကအလွန်လှသည်။အမှန်ကတော့ သက်ကယ်ကျင်း ဖြစ်သည်။ဒေသသံဖြင့်ခေါ်ရင်း

သငယ်ဂျင်း ဟု အသံထွက်ရာမှ သူငယ်ချင်းရွာ ဟူ၍အမည်လှလှလေးတစ်ခု ဖြစ်လာခဲ့သည်။

ရွာလယ်လမ်းအတိုင်း စောင်းငန်းစောင်းငန်း ကုပ်ချောင်းကုပ်ချောင်းဖြင့် လျောက်လာသူတစ်ယောက်။

မျက်လုံးများက အိပ်ရေးမ၀၍ ငိုက်မျဉ်းနေသည်။ဘယ်အိပ်ရေးဝမလဲ။ညလုံးပေါက်ဖဲထိုင်ရိုက်ထားသဖြင့် အိပ်ရေးမ၀။

နှာခေါင်းကမျောက်နှာခေါင်းကဲ့သို့ အထက်သို့လန်တက်ကာ ပါးစပ်ကငါးတကောင်လို ပြဲဟဟ။သွားများက ခွေးစွယ်

ကဲ့သို့မညီမညာ၊နှုတ်ခမ်းက ဒါးဖြင့်အလယ်မှဟက်ထားသကဲ့သို့ ဟက်တက်ကွဲပုံစံ ဟပြဲပြဲဖြစ်နေရသည့်ကြားထဲ

နှုတ်ခမ်းမွှေးကျို့တို့ကျဲတဲများကြောင့် ဘာနှင့်တူနေမှန်းကိုမသိ။ဘာနဲ့တူသလဲ ဟုသင်မေးလျင်တော့ အဲဒီ ဘာ နဲ့

သွားတူနေတာပေါ့ဗျာ။သူ့အမည်ကား အောင်ပိုင်။

ရုပ်အဆင်းမလှရသည့်ကြားထဲ သူတွေးနေသောအတွေးများကလဲ မလှပေ။

"တောက် ပိုက်ဆံမရှိလို့မနက်စာတောင် စားစရာမရှိဘူးကွာ.....ရွာထဲကလဲ မသာအိမ်တစ်အိမ်မှ မရှိဘူး....ဘုရားသိကြား

မလို့ ဖဲလိမ်ရိုက်လို့ရအောင် ရွာထဲက တစ်ယောက်ယောက် အမြန်ဆုံးနည်းနဲ့ မသာပေါ်ပါစေဗျာ...."

ကိုင်း.....ဤမျှအရုပ်ဆိုးအကျည်းတန် စိတ်ကောင်းမရှိသောသူကို သင်မြင်ဘူးပါသလား။လိုက်ရှာမနေပါနှင့်။မရှိစေရပါ။

သူမတူသောအောင်ပိုင်ဖြစ်ပါသည်။

လျောက်လာရင်းမှ ရွာလည် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသောလူတစ်ယောက် ကိုမြင်လိုက်သဖြင့်

ချေးပုံတွေ့သောခွေးကဲ့သို့ ၀မ်းသာအားရဖြစ်သွားသည်။

"ဟား....ကိုဘကြိုင်ကြီးပါလား.....အတော်ပဲ လက်ဘက်ရည်ကပ်သောက်ရအောင်....မြှောက်ပင့်ပြီး

ကပ်စားဦးမှ....အချဉ်တော့တွေ့ပြီ"

ထိုကဲ့သို့ ဂြိုဟ်ဆိုးငင်သည်ကို ဘကြိုင်ခမျာမသိရှာ။စာရွက်များဖြင့် အလုပ်ရှုပ်နေရှာသည်။

"ကိုဘကြိုင်ကြီး....၀လို့လှလို့ပါလားဗျ....အဟီး.....ထိုင်မယ်နော်"

"ထိုင်လကွာ....ဒီခုံငါဝယ်ထားတာမှမဟုတ်တာ"

"အဟီး....ကိုကြီးဘကြိုင်ကသိပ်သဘောကောင်းတာပဲ.....ဒါကြောင့်ချောနေတာ...မုန့်မှာမယ်နော်....

ညီလေးရေ....ပေါက်စီတပွဲ...ပေါ့ဆိမ့်တခွက်....ဆေးလိပ်လေးပါချကွာ"

အရှက်မရှိသွားဖြီးကာ ဘယ်သူမှဘာမှမပြောနိုင်ခင် မုန့်များမှာ၍ အပြတ်တွယ်လေတော့သည်။

စားနေရင်းမှ အကျင့်ပါကာအငြိမ်မနေနိုင်သော ပါးစပ်ကလဲ စကားများအရည်မရအဖတ်မရ နွားမကြီးသေး

ပေါက်ချသကဲ့သို့ တဗြန်းဗြန်းပြောလေသည်။

"ကိုဘကြိုင်ကြီး ....လက်နှစ်ဘက်လုံးလဲမအားပါလား.....ဘာတွေရေးနေတုန်းဗျ.....

ဘယ်ကောညာကောရေးနေတာပဲ"

"ဒီဘက်က ချဲတွက်နေတာကွ.....ဒီဘက်ကကဗျာရေးနေတာ...."

"ဟာ.....တော်လိုက်တာဗျာ....အလုပ်နှစ်ခုတပြိုင်တည်းလုပ်နေတာပေါ့"

"ဒါပေါ့ကွ.....ငါ့လောက်တော်တာ ငါပဲရှိတယ်လေ"

"ဟုတ်တယ်ဗျ.....ခင်ဗျားကလက်နှစ်ဘက်လုံးက ရေးနိုင်တော့ အတော်ထူးတဲ့လူပဲ...

နှစ်ဘက်ချွန်ကြီးပေါ့နော်"

"ဘာကွ"

အပြောမတတ်သဖြင့် ဘကြိုင်ဒေါသထွက်လေပြီ။နှစ်ဘက်ချွန်တဲ့ ဟုတ်သည်ပဲထားဦး။ဒီလိုအပြောခံရတော့လဲ

ဒေါသထွက်ပေမည်။

"အေး...ငါကနှစ်ဘက်လုံးကိုချွန်တာကွ....လက်သီးနဲ့ထိုးရင်လဲဟောသလိုနှစ်ဘက်နဲ့ထိုးတယ်"

""ခွပ်....ခွပ်""

"အောင်မငေး....ကိုဘကြိုင်ရဲ့ ကန်းပါပြီဗျ"

လက်သီးနှစ်လုံးဖြင့် မျက်လုံးနှစ်လုံးကို စုံပစ်အထိုးခံရသဖြင့် အောင်ပိုင်ခမျာ မျက်ကွင်းနှစ်ဘက်ညိုသွားသည်။

"ပါးရိုက်ရင်လဲ....ဒီလို"

"ဖြောင်း.....ဖြောင်း"

ပါးနှစ်ဖက်ကိုစုံညှပ်ရိုက်ခံရသဖြင့် ပါးစပ်ထဲမှပေါက်စီများ လည်ချောင်းတွင်နင်နေသည်။

"အု...အိ....အ...အအ"

"အော်....မသထာရေစာတွေနင်နေတာလား.......မပူနဲ့....ငါက လည်ပင်းညှစ်ရင်လဲ ဟောဒီလိုစုံညှစ်တယ်"

"အီး.....ဂလု...ဂလု....အု....အု"

နင်နေသောပေါက်စီများ ဗိုက်ထဲခုန်ဆင်းသွားသဖြင့် မချိမဆန့်မျက်လုံးပြူးနေရှာသော အောင်ပိုင်အား

ဒေါသကြီးလှသောဘကြိုင်က မသနားနိုင်သေး။

"အေး.....ကန်တဲ့နေရာမှာလဲ....ဟောဒီလို စုံကန်တယ်ကွ"

နွားမများနို့ညှစ်မခံချင်သဖြင့် ကန်သကဲ့သို့ မြေပေါ်လက်ထောက်ကာ အောင်ပိုင့်တင်ပါးနှစ်ဘက်အား စုံပစ်ကန်

ထည့်လိုက်သဖြင့် လဘက်ရည်ဆိုင်အပြင်သို့ လွင့်ထွက်ကာ ခွေးကျကျ၍ ရွာလည်လမ်းအတိုင်းပြေးရရှာလေသည်။

နှစ်ဘက်ချွန်များ ဒေါသထွက်လျင် ကြောက်ဖို့တယ်ကောင်းသကိုး။
ခိုးစားတာလူမိသဖြင့် အရိုက်ခံရသောခွေးတစ်ကောင်ကဲ့သို့ လျောက်လာရင်းမှ အပျိုကြီးမဖြူ၏ ကုန်စုံဆိုင်

ရှေ့ရောက်လာသည်။အပျိုကြီးကလဲ တကုပ်တကုပ်ဖြင့် ဘာတွေရေးနေသည်မသိ။

"မမဖြူ...ဘာတွေရေးနေတုန်းဗျ"

"အော်....အောင်ပိုင်ပါလား...အကြွေးစာရင်းတွေရေးနေတာဟေ့"

"ဟုတ်ကဲ့...ဘာကူလုပ်ပေးရမလဲမမဖြူ.....အားမနာနဲ့နော်...."

"အော်.....အတော်ပဲ .....နောက်ဖေးအိမ်သာက ရေအိုးလေးဖြည့်ပေးသွားပါဦးကွယ်.....ခိုင်းတယ်လဲသဘောမထားနဲ့ပေါ့

ကိုယ့်မောင်နှမတွေပဲ......တလက်စတည်း.....ထင်းလေးတွေလဲခွဲပေးသွားပါလား.....မမလက်မအားလို့ပါ...ဒီအကြွေးစာ

ရင်းကအရေးကြီးနေလို့"

"ရပါတယ်မမဖြူရယ်....ကိုယ့်မောင်နှမတွေပဲ....လုပ်ပေးရမှာပေါ့"

"ကျေးဇူးပါ...ငါ့မောင်ရယ်"

ရေခပ်ထင်းခွဲပြီးပြန်အလာ ဆိုင်ရှေ့တွင် ဘုန်းကြီးတစ်ပါး ဆွမ်းလာရပ်သည်။

"မောင်လေးရေ....မမ မအားလို့ ....ဘုန်းဘုန်းကို တခုခုလှူလိုက်ပါဦးကွယ်....၀တ္တုလေးဘာလေးကပ်လိုက်ပေါ့"

"လွန်းထားထားဝတ္တုလား....အကြည်တော်လား...မမဖြူ"

"ဟယ်....တယ်တုံးတဲ့အကောင်....ဆိုင်မှာရှိတဲ့တခုခုပဲ အမြန်လောင်းလိုက်ကွယ်"

"ဟုတ်ကဲ့....ဟုတ်ကဲ့"

ဟုတ်ကဲ့ဟုဆိုကာ အောင်ပိုင်လောင်းသော ပစ္စည်းကြောင့် ဆွမ်းခံကိုယ်တော် ဒေါသထွက်ချေပြီ။

မထွက်ခံနိုင်ရိုးလား။ဒင်းလောင်းလိုက်သောပစ္စည်းကိုလဲကြည့်ဦး။ခေါင်းလျော်ရည်ထုပ်ကြီး။

"ဟေ့ဒကာ ငါ့ကိုနောက်တာလား...ဒါကြီးငါ့လှူစရာလား"

"အော်....ဦးဇင်းခေါင်းမလျှော်လဲ လျှော်ချင်တာလေး လျှော်လို့ရ...အ...အ..."

"ဟမ်.....ငါ@#$%ဒကာ....ငါ့ကို မခန့်လေးစားနဲ့.....မင်းတို့ထက်မိုက်လို့ ကတုံးတုံးထားတာကွ....

ဦးဂျေတဲ့ တဂျေတည်းရှိတယ်.....ကိုင်းဟာ"

သပိတ်ဖြင့်ခေါင်းကို အရိုက်ခံရသဖြင့် လည်တည်လည်တည်ဖြစ်ကာ ဆိုင်ထဲပြန်ဝင်လာသည်။

အပျိုကြီးကဘယ်ထွက်သွားသည်မသိ။စားပွဲပေါ်မှာ စာရွက်ကလေးကပက်လက်။စပ်စုချင်သောဥာဉ်ကလေးက

ထိန်းမရသဖြင့် ဖတ်ကြည့်လေသည်။

"မှောင်.......(ဟင်အကြွေးစာရင်းကလဲ.....မှောင်တဲ့.....မီးပျက်လို့ထင်တယ်)

မှောင့်ကို မမညအိပ်ရာဝင်တိုင်း သတိရတယ်ကွယ်.....(ဟမ်...ကျန်တဲ့အချိန်ဘာလို့မရတာပါလိမ့်...)

တောင်ပံလေးများရနိုင်ရင်တော့ လိုချင်သားကွယ်....ဒါမှချစ်တဲ့သူရှိရာ မင်းလိုပဲတို့လဲပျံနိုင်မယ် မှောင်ရယ်

.......(အမယ် သီချင်းစာသားကြီးခိုးချထားတယ်).....မှောင့်ကို လွမ်းပြီးငိုရတာ ခေါင်းအုံးတွေ စောင်တွေ

အိပ်ရာခင်းတွေ ရွှဲရွှဲကို စိုလို့ မနက်တိုင်းထုတ်လှမ်းရတယ် မှောင်ရယ်....(ဒါတော့ မဖြစ်နိုင်ဘူး....

ဒီအပျိုကြီး အိပ်ရာထဲ ရှူရှူးပေါက်ချတာပဲဖြစ်ရမယ်....ဒါကြောင့်သူ့ပုံက သူငယ်နာမစင်တဲ့ပုံပါလို့ ထင်သား)"

ထိုသို့ခိုးဖတ်နေတုန်း အိမ်သာမှပြန်လာသော အပျိုကြီးကတွေ့သွားရာ ဒေါသူပုန်ကော ဒေါဓါးပြရော

ဒေါအသေခံအကြမ်းဖက်များပါ ထကုန်လေတော့သည်။

"ဟမ်....သေချင်းဆိုး.....ငါ့ရည်းစားစာကို ခိုးဖတ်နေတယ်.....သေပေတော့"

ငါးခြောက်ရောင်းသောချိန်ခွင်ထဲမှ ပိဿလေးဖြင့်ပစ်လိုက်ရာ နံဘေးသို့ပိတ်မှန်လေသည်။အပျိုကြီးများ

ပိဿလေးဖြင့်ဘေးပစ်ရာတွင် ကျွမ်းကျင်လှပေတောင်း။

"အောင်မငီး....ရက်စက်ပါပေ့ မမဖြူရယ်"

"ဒါက သဘောလောက်ပဲရှိသေးတယ်......ဟောဒီမှာကြည့်စမ်း"

"ဟိုက်....လောက်လေးဂွကြီး"

"အေး....အပျိုကြီးတွေ ဂွကိုင်ဘယ်လောက်ကျွမ်းတယ်ဆိုတာ ကြည့်....လာထား"

"၀ှစ်"

"အောင်မငီး.....လူညွန့်တုံးပါပြီဗျ"

"မှန်သလား.....ဘယ်ကိုမှန်တုန်း"

"ဗဟိုတည့်တည့်ပါပဲဗျာ"

"အေး.....ငါကလဲ အဲဒီဗဟိုကိုချိန်ပစ်တာ......လာလေ့....နောက်တချက်"

"အောင်မငီး.....ကြောက်ပါပြီ မမဖြူရဲ့"

မည်သို့ပင်ဆိုစေကာမူ ညှာတာမည်မဟုတ်သော အပျိုကြီး၏ လောက်လေးဘေးမှလွတ်အောင်

အောင်ပိုင်ခမျာ ခွေးပြေးဝက်ပြေးပြေးခဲ့ရရှာလေတော့သည်။



တအီအီဖြင့်ခွေးသားပေါက်ကလေးကဲ့သို့ ညည်းငြူရင်း ပြေးလာသော အောင်ပိုင်သည်၎င်း၏

ငယ်သူငယ်ချင်းမကလေး အိရင်းငယ်၏ အိမ်ရှေ့ရောက်လာသည်။




--
(ဆက်ရန်ရှိသေးသည်)

ချစ်သော

လဂွန်းအိမ်

တိုက်ဆိုင်မှုရှိလျင်ခွင့်လွှတ်ပါ :P

<



မှတ်ပလားကွ(အပိုင်းနှစ်)














...........................................................................................................................................................

ကဲ........ကောင်းခန်းရောက်တုန်း ဖြတ်ထားလိုက်ဦးမယ်။ကိုရီးယားကားတွေလိုပေါ့။
(ဆက်ရန်ရှိသေးသည်)

ချစ်သော

လဂွန်းအိမ်

တိုက်ဆိုင်မှုရှိလျင်ခွင့်လွှတ်ပါ :P


မှတ်ပလားကွ(အပိုင်းသုံး)


















္က္ကဤတွင် အပိုင်းသုံး နိတ္တိတံ၏။နောင်တွင်လည်း ထိုသတ္တ၀ါကလေးနှင့် အပေါင်းပါများ အချိုးမပြေလျင်မပြေသလို

နောက်ဆက်တွဲဇာတ်လမ်းများ လာနိုင်ပါသေးသည်။

................................................................................................................................................................

ချစ်သော

လဂွန်းအိမ်

တိုက်ဆိုင်မှုရှိလျင်ခွင့်လွှတ်ပါ :P

Sunday, January 30, 2011

ကလေးများအတွက်အနုပညာကို ကလေးကလားမလုပ်အပ်


ကျွန်တော် ပန်းချီဆွဲကဗျာရေးတယ်ဆိုတာ တကယ်တော့စိတ်အဆာပြေလုပ်တဲ့အလုပ်ပါ
တကယ်တန်းကျွန်တော်လုပ်နေတာက ကလေးတွေအတွက်ပါ

ကာတွန်းကားလေးတွေ အဲဒီမှာလဲကလေးတွေတကယ်ကြည့်ရတာတန်ဖို့အနုပညာတန်ဖိုးတွေစေတနာတွေ

အပြည့်ထည့်ပေးရပါတယ်

အခုကလေးသီချင်းတွေလုပ်ထားပါတယ်

ပရိုဂျူဆာတယောက်က ပြောတယ်

ကလေးအတွက်ပဲတော်ရုံတန်ရုံပေါ့တဲ့

သိပ်မှားတဲ့အတွေးအခေါ်ပဲ

ကလေးကဗျာကလေးစာပေကလေးသီချင်းဆိုတာ

ကလေးကလားတွေးလို့မရပါဘူး

သိပ်ကိုတာဝန်ကြီးတဲ့ကိစ္စပါ

ဆရာတင်မိုးတို့ဆရာမင်းသုဝဏ်တို့ကိုသတိရကြစမ်းပါ

သူတို့စေတနာကိုသတိပြုကြစမ်းပါ

ကလေးတွေအတွက်ဒီခေတ်မှာ စာပေဂီတပုံပြင်ကာတွန်းအရာအားလုံးရှားပါးသွားပါပြီ

အသေအချာလုပ်မယ့်သူလဲရှားနေပါပြီ

နိုင်ငံခြားကကာတွန်းပုံပြင်ဂီတတွေအစားထိုးဝင်ရောက်ခံနေရပါပြီ

ကိုယ့်ဆီကပညာရှင်တွေဒီကွက်လပ်ကိုအချိန်မီမှမဖြည့်နိုင်ရင်တော့

အခုပဲကလေးဂျာနယ်ဆိုဘာပါသလဲ စပိုက်ဒါမင်း ဘန်တန်း လင်းနို့လူသား

ဒါတွေကနေရာယူထားပြီ

ရွှေသွေးအရည်အချင်းသိပ်နိမ့်သွားပြီ

ကလေးသီချင်းဆိုရင်လဲ ဂျာအေးသူ့အမေရိုက်သလို

Twinkle,twinkle little star

London bridge is falling down

ဒါတွေကို မူရင်းအတိုင်းကော မြန်မာမှုပြုတာကော

ဒီဟာတွေနဲ့ပဲကလေးမုန့်ဖိုးကိုချူယူနေကြတာရှက်သင့်နေပြီ

ကလေးတွေအတွက်ဘာလို့ကောင်းကောင်းမဖန်တီးမထုတ်လုပ်ပေးနိုင်ကြတာလဲ

ကျွန်တော်ပညာရှင်ကြီးတစ်ယောက်မဟုတ်ပေမယ့်

တတ်စွမ်းတဲ့အနုပညာနဲ့ ဟောဒီကိုယ်ပိုင်သံစဉ်ကလေးသီချင်းလေးတွေ

လုပ်ထားပါတယ် .....ခုလိုကလေးသီချင်းသို့မဟုတ်ကဗျာလေးတွေရေးထားတာရှိရင်လဲ

ကျွန်တော်နဲ့ဆက်သွယ်ပြီးခုလိုသီချင်းလေးတွေလုပ်နိုင်ပါတယ်

ကွက်လပ်ကလေးတွေဖြည့်ပေးကြပါ



Find more videos like this on Myanmar Digital Artists Society
ဒီသီချင်းကို တူမလေးတယောက်ကဆိုပေးပါတယ်
ကျွန်တော်ကရေးပေးတီးပေးပါတယ်

အင်္ဂလိပ်လိုတပိုဒ်ကို သူတို့ကျူရှင်ဆရာမလေးကိုဆိုခိုင်းထားပါတယ်

ဗမာလိုတကျော့ အင်္ဂလိပ်လိုတကျော့ပါ

နောက်အပုဒ်ကလဲအဲဒီလိုပါပဲ



Find more videos like this on Myanmar Digital Artists Society
ခက်တာကကလေးတွေကိုပေးချင်တာမှန်ပေမယ့်
ဈေးကွက်ပျက်နေတာက အတားအဆီးတစ်ခုပါပဲဗျာ

အခွေထုတ်တဲ့လူမှာရပိုင်ခွင့်မရှိဘူး

ခိုးကူးကိုပဲပေးလိုက်ရတယ်

အစစအရာရာညှစ်ထုတ်ဖန်တီးသူတွေက

ဘာအသီးအပွင့်မှမခံစားရပဲအိပ်ထဲကမရှိမဲ့ရှိမဲ့ကိုအရှုံးခံနေရတယ်

ကဲအကြံပေးကြပါဦးကျွန်တော်ဒီအခွေကိုအရှုံးခံထုတ်သင့်သလား

ဘယ်လိုလုပ်ပစ်ရမှာလဲဆိုတာ ကျွန်တော်ကိုယ်တိုင်မဝေခွဲနိုင်တော့ပါဘူး

Wednesday, January 12, 2011

သူရဲကောင်းတို့၏ ပုံရိပ်များ

လွန်ခဲ့သော ရှစ်နှစ်ခန့်က ရေးသားထုတ်ဝေဖြစ်သော ကာတွန်းကားကလေးဖြစ်ပါသည်။ထိုအချိန်က

လဂွန်းအိမ် ကလောင်အမည်ကိုမယူရသေးပါ။မြန်မာသူရဲကောင်းများ ကို အန်နီမေးရှင်းဖြင့် တင်ပြလိုခြင်းကြောင့်

ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ထိုအချိန်က လိုအပ်ချက်အများအပြား ရှိခဲ့ပါသည်။ဇာတ်အိမ်ခိုင်အောင် တင်ပြရန်

အခက်အခဲရှိသဖြင့် နောက်ခံ Narration အသံဖြင့် Documentry ဆန်ဆန်သာ တင်ပြနိုင်ခဲ့ပါသည်။

နောက်ထပ်သူရဲကောင်း တစ်ယောက်အား ဇာတ်အိမ်အခိုင်အမာဖြင့် ရေးသားထားခဲ့သော်လည်း ဈေးကွက်နှင့်

အခြားအခက်အခဲ အမျိုးမျိုးကြောင့် ပရိဿတ် လက်ထဲရောက်အောင်မတင်ပြ နိုင်သေးပါ။

အားပေးမှုအား အထူးလေးစားကျေးဇူးတင်ပါသည်။



ချစ်သော

လဂွန်းအိမ်